The battle: Roar to victory ( 2019)













Unicode



The battle: Roar to victory ( 2019)
*********************************





ကဲ... ကိုရိုနာဗိုင်းရပ်စ်ကြောင့် အပြင်မထွက်ရဘဲ အိမ်​ထဲမှာနေနေရတဲ့ ဇာတ်ကားကြိုက် ပရိသတ်လေးတို့အတွက် စိတ်အပန်းပြေစေမယ့် ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင်...
ကိုရီးယားသမိုင်းမှာ အမြဲအမှတ်ရနေရမယ့် အတောက်ပဆုံး အချိန်ကိုပြောပါဆိုရင် လွတ်လပ်ရေးအတွက် ဂျပန်ကိုလိုနီတွေကို ​တိုက်ထုတ်နိုင်ခဲ့တဲ့ အချိန်ပဲဖြစ်ပါတယ်...
ဒီကားလေးကလည်း ထိုကာလကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်
အဓိက သရုပ်ဆောင်တွေအဖြစ် နာမည်ကြီးမင်းသားတွေဖြစ်ကြတဲ့ Jang-ha အဖြစ် (Ryu Jun-yeol), Hae-cheol အဖြစ် (Yoo Hae-jin) နဲ့ Byeong-gu အဖြစ် (Jo Woo-jin)တို့က ပါဝင်တင်ဆက်ထားပါတယ်...
နယ်မြေကို သိမ်းတဲ့အပြင် ကိုရီးယားပြည်သူတွေကိုပါ မတရားညှင်းပန်းနှိပ်စက်နေတဲ့ ဂျပန်ကိုလိုနီတွေကို တိုက်ထုတ်ဖို့ အတွက် လူတန်းစား အလွှာအစုံက ပြည်သူတွေဟာ လွတ်လပ်ရေးတိုက်ပွဲဝင် သူရဲကောင်းတွေဖြစ်လာခဲ့ပါတယ် ... အဲ့ထဲမှာမှ ဂျပန်ကိုလိုနီတွေရဲ့ မတရားညှင်းပန်းမှုကို မခံနိုင်တော့ပဲ ရွာတစ်စုက ပြည်သူတွေက တော်လှန်ပုန်ကန်ခဲ့ကြပါတယ်... ထိုသို့ ​တော်လှန်ရာမှာ စနိုက်ပါပစ်ရာမှာ ကျွမ်း​ကျင်တဲ့ လီဂျန်ဟာဆိုတဲ့ အငယ်တန်း တပ်မှူးလေးရယ်၊ ဓားရေးမှာ အလွန်ကျွမ်းကျင်တဲ့ ဟီးချူးရယ်၊ ဓားမြအဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့တဲ့ ​ြဗောင်ဂူရယ်က တိုက်ပွဲဝင်ရာမှာ အရေးပါတဲ့ခေါင်းဆောင်တွေဖြစ်လာခဲ့ပါတယ်... လက်တစ်ဆုပ်စာလောက်ပဲရှိတဲ့ ကိုရီးယားလွတ်လပ်ရေးတိုက်ပွဲဝင်ပြည်သူတွေက ဂျပန်ကိုလိုနီတေ​ရဲ့ ပင်မတပ်ရင်းကြီးကို ​ဖြိုခွင်းနိုင်ပါ့မလား သူတို့အောင်မြင်သွားရဲ့လား...ဒါမှမဟုတ် လက်နက်ကျ အညံ့ခံခဲ့ရလား... ဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ​ကြည့်ရှု့ရမာပဲဖြစ်ပါတယ်
ကြည့်ရှုနေရင်းနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဂျပန်ကိုလိုနီတွေကို မုန်းတီးခြင်း၊ အပြစ်မဲ့ ကိုရီယားပြည်သူတွေကို သနားခြင်းနဲ့ အင်အားမမျှသော်လည်း ဇွဲ​ လုံးဝမလျှော့ပဲ နောက်ဆုံးချိန်ထိ နိုင်ငံကို အသက်ပေးကာကွယ်သွားတဲ့ မျိုးချစ်လူငယ်လေးတွေကို လေးစားခြင်းစတဲ့ ရသမျိုးစုံကို ​ပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်လို့ လက်မလွတ်ပဲ ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေ...
Translated and Review by Faith
Encoded By A Nyo
Quality-Hdrip
Genre-Action, Drama, History
Size-450/900mb
Imdb-5.






MKV Link (ဒေါငျးနညျး)
👇👇👇👇👇👇👇👇
https://pastelink.net/1g610

File size... 901MB
ဇာတျကားကိုဒီမှာဒေါငျးပါ 👇 https://mkvlinks.xyz/t84iWSu
File size ...441MB
ဇာတျကားကိုဒီမှာဒေါငျးပါ 👇
https://mkvlinks.xyz/w3oHv9t9




Zawgyi



The battle: Roar to victory ( 2019)
*********************************
နယ်မြေကို သိမ်းတဲ့အပြင် ကိုရီးယားပြည်သူတွေကိုပါ မတရားညှင်းပန်းနှိပ်စက်နေတဲ့ ဂျပန်ကိုလိုနီတွေကို တိုက်ထုတ်ဖို့ အတွက် လူတန်းစား အလွှာအစုံက ပြည်သူတွေဟာ လွတ်လပ်ရေးတိုက်ပွဲဝင် သူရဲကောင်းတွေဖြစ်လာခဲ့ပါတယ် ... အဲ့ထဲမှာမှ ဂျပန်ကိုလိုနီတွေရဲ့ မတရားညှင်းပန်းမှုကို မခံနိုင်တော့ပဲ ရွာတစ်စုက ပြည်သူတွေက တော်လှန်ပုန်ကန်ခဲ့ကြပါတယ်... ထိုသို့ ​တော်လှန်ရာမှာ စနိုက်ပါပစ်ရာမှာ ကျွမ်း​ကျင်တဲ့ လီဂျန်ဟာဆိုတဲ့ အငယ်တန်း တပ်မှူးလေးရယ်၊ ဓားရေးမှာ အလွန်ကျွမ်းကျင်တဲ့ ဟီးချူးရယ်၊ ဓားမြအဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့တဲ့ ​ဗြောင်ဂူရယ်က တိုက်ပွဲဝင်ရာမှာ အရေးပါတဲ့ခေါင်းဆောင်တွေဖြစ်လာခဲ့ပါတယ်... လက်တစ်ဆုပ်စာလောက်ပဲရှိတဲ့ ကိုရီးယားလွတ်လပ်ရေးတိုက်ပွဲဝင်ပြည်သူတွေက ဂျပန်ကိုလိုနီတေ​ရဲ့ ပင်မတပ်ရင်းကြီးကို ​ဖြိုခွင်းနိုင်ပါ့မလား သူတို့အောင်မြင်သွားရဲ့လား...ဒါမှမဟုတ် လက်နက်ကျ အညံ့ခံခဲ့ရလား... ဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ​ကြည့်ရှု့ရမာပဲဖြစ်ပါတယ်
Encoded By A Nyo
Quality-Hdrip
Size-450/900mb
Imdb-5.






MKV Link (ဒေါင်းနည်း)
👇👇👇👇👇👇👇👇
https://pastelink.net/1g610

File size... 901MB
ဇာတ်ကားကိုဒီမှာဒေါင်းပါ 👇 https://mkvlinks.xyz/t84iWSu
File size ...441MB
ဇာတ်ကားကိုဒီမှာဒေါင်းပါ 👇
https://mkvlinks.xyz/w3oHv9t9

Comments